Sunday, 14 October 2012

ဟေမာန်

ဟေမာန်ရယ်
အခြေမမှန်
ဆင်းရဲဟန်ဖြင့်
ချစ်ထန်မိပြီ
ချစ်စိတ်ကိုတား
မေ့ကာသွားလို့
စွမ်းအားမရှိ။
ရိုးရှင်းပြစ်ကင်း
ဒီချစ်ခြင်းကို
နင်ငြင်းလိုက
ဖြေရှင်းစွမ်းမရှိ။
တံတိုင်းတချို့
စဉ်ပိတ်ဆို့လို့
ရင်ညို့စွမ်းမရှိ။
သေချာတာက
ချစ်နေရတာ
ဘဝအတွက်ပါ
ဟေမာန်ရယ်။

လူ့ ပေါက်ပန်းလို မဖြစ်လို

ငါဧ။်စိတ်ကို
ရမက်ထိုးနက်
ပျိုလှဲချက်ဖြင့်
အပျက်မခံ။
လောဘပူမီး
ငါ့ကိုခွစီး
ခရီးအနင်
ငါမဖြစ်ချင်။
ရှာဖွေစားသောက်
ဘဝကိုလျှောက်
တမျိုးလောက်နင့်
ဇရာထောင်းလို့
အရောင်မပြောင်းလို။
ယောင်ယောင်ရမ်းရမ်း
ဖြတ်သန်းသွားကာ
လူ့ပေါက်ပန်းလို
ငါမဖြစ်လို။
လူတို့အကျိုး
တမျိုးမျိုးဖြင့်
ငါသယ်ပိုးလို။
အာမခံခြင်း
တကယ်ကင်းသည့်
ဘဝသက်မယ်
အချိန်များအား
တန်ဖိုးထားကာ
အကျိုးရှိရှိ
ငါသုံးမိလို၏။

Saturday, 13 October 2012

မောင်နံမေးဖြေ

အိုကွယ့်မူံလေး လှပဂေး ဘာတွေးထားလဲကွယ်
ချစ်စာဂလေး ဘာမတွေး ထိုင်ငေးနေတယ်ကွယ်။
ထိုင်ကာငေးကာ ဘဝမှာ ဖြေရှာမှာလားကွယ်
ဒါဆိုဒါဆို ဘာတွေလို ပျိုပျိုသိချင်တယ်
လူတို့အရေး အကျိုးပေး လုပ်ပေးပါလားကွယ်။
မွဲတေဆင်းရဲ တကယ်ပဲ ကြုံမြဲဖြစ်နေတယ်
ဒုက္ခသုခ အလှည့်ကျ ဆုံရမှာပဲကွယ်
ပျိုလေးပျိုလေး စိတ်အေးအေး ဆုပေးပေါ့လေကွယ်
ဟုပ်ကဲ့ဟုပ်ကဲ့ အမောင်ရဲ့ ပေးခဲ့ပါ့မယ်ကွဲ့။
အတ္တအရေး ရှေးပြေးတွေး မထွေးသင့်ဘူးကွယ်
ပရအကျိုး မျှော်ကိုးကိုး သယ်ပိုးသင့်တယ်ကွယ်
တတ်နိုင်သမျှ ခြေကိုချ လျှောက်ရမှာပဲကွယ်
မှန်တယ်မှန်တယ် အမောင်ရယ် တကယ်ပြောတာကွဲ့။