Sunday, 14 October 2012

လူ့ ပေါက်ပန်းလို မဖြစ်လို

ငါဧ။်စိတ်ကို
ရမက်ထိုးနက်
ပျိုလှဲချက်ဖြင့်
အပျက်မခံ။
လောဘပူမီး
ငါ့ကိုခွစီး
ခရီးအနင်
ငါမဖြစ်ချင်။
ရှာဖွေစားသောက်
ဘဝကိုလျှောက်
တမျိုးလောက်နင့်
ဇရာထောင်းလို့
အရောင်မပြောင်းလို။
ယောင်ယောင်ရမ်းရမ်း
ဖြတ်သန်းသွားကာ
လူ့ပေါက်ပန်းလို
ငါမဖြစ်လို။
လူတို့အကျိုး
တမျိုးမျိုးဖြင့်
ငါသယ်ပိုးလို။
အာမခံခြင်း
တကယ်ကင်းသည့်
ဘဝသက်မယ်
အချိန်များအား
တန်ဖိုးထားကာ
အကျိုးရှိရှိ
ငါသုံးမိလို၏။

No comments:

Post a Comment